
Edge AI သည် စမတ်ဖုန်း၊ ကင်မရာနှင့် စက်မှုလုပ်ငန်းသုံးကိရိယာများပေါ်တွင်ဖြစ်စေ၊ အနီးရှိ ကွန်ပျူတာများပေါ်တွင်ဖြစ်စေ AI Models များကို အသုံးပြုနိုင်စေသော နည်းပညာဖြစ်သည်။ ဒေတာထွက်ပေါ်သည့်နေရာအနီးတွင် တွက်ချက်လုပ်ဆောင်ခြင်းကြောင့် တုံ့ပြန်ချိန်နှင့် cloud server များသို့ အချက်အလက်ပို့ရန် လိုအပ်မှုကို လျှော့ချနိုင်သည်။ ဒေတာများကို မိမိကိရိယာအတွင်း ပိုမိုထိန်းသိမ်းထားနိုင်ခြင်းက ကိုယ်ရေးအချက်အလက် ကာကွယ်မှုကို အားဖြည့်ပေးပြီး ကွန်ရက်ဒေတာအသုံးပြုမှုကိုလည်း လျှော့ချနိုင်သည်။ စနစ်တည်ဆောက်ထားပုံပေါ်မူတည်၍ Edge AI အက်ပလီကေးရှင်းများသည် အင်တာနက်အမြဲချိတ်ဆက်ထားရန် မလိုဘဲ ဆက်လက်အလုပ်လုပ်နိုင်သည်။ ဤနည်းပညာကို စက်ရုံ၊ ဆေးရုံနှင့် နေ့စဉ်သုံးကိရိယာများတွင် ပုံရိပ်ဖြင့် စစ်ဆေးခြင်း၊ စကားသံကို အခြေခံသည့် လုပ်ဆောင်ချက်များနှင့် အသိဉာဏ်ရှိ အလိုအလျောက်စနစ်များအတွက် အသုံးချနိုင်သည်။ soruce NVIDIA — What Is Edge AI and How Does It Work